Giter Site home page Giter Site logo

ubuntu-mm-wiki's Introduction

Ubuntu Myanmar LoCo Team

၏ Project တစ်ခုဖြစ်သော

Ubuntu Wiki


ဒေသတွင်း ဘာသာစကားဖြင့် လွယ်ကူစွာ လေ့လာနိုင်စေရန် ရည်ရွယ်ပြီး ကူညီခဲ့ကြခြင်း ဖြစ်ပါသည်။ ကူညီခဲ့ကြသူများ အမည်ကို Sponsor များ အဖြစ် မှတ်တမ်းတင်ထားပါသည်။

Sponsor List

##Wiki Project ကို ကူညီလိုပါက

WIKI ကို ဘာသာ ပြန်ခြင်း

MARKDOWN အဖြစ် ပြောင်းလဲပေးခြင်း

တို့ဖြင့် ကူညီပေးနိုင်ပါသည်။

####WIKI ကို ဘာသာ ပြန်ခြင်း

ဘာသာပြန်ဆိုရာတွင် တကြောင်းခြင်း တလုံးခြင်း အတိအကျ ဘာသာပြန်ခြင်းကို မဆိုလိုပဲ အပိုဒ်လိုက် နားလည်လွယ်စေရန် ဆီလျှော်အောင် ရေးသားခြင်းကိုသာ ပို၍ ဦးစားပေးပါသည်။ Need တွင် လိုအပ်လျှက်ရှိသော ဖိုင်များကို စိစစ်ထားပါသည်။ (လက်ရှိ စိစစ်ဆဲ ဖြစ်ပါသည်။) ထိုဖိုင်တွင် ရှိသင့်သည်ထင်သော သို့မဟုတ် မိမိ ကျွမ်းကျင်သော အပိုင်း အလိုက် ဘာသာပြန်ပြီး ကူညီနိုင်ပါသည်။ MARKDOWN နှင့် GITHUB ကို ရင်းနှီး ကျွမ်းဝင်ခြင်းမရှိပါက [email protected] သို့ ဘာသာပြန်ထားသော txt ဖိုင်ကို ပေးပို့နိုင်ပါသည်။ သင့်အမည်နှင့် စာရင်း ထည့်သွင်းပေးထားပါမည်။

####MARKDOWN အဖြစ် ပြောင်းလဲပေးခြင်း

MD အဖြစ်ပြောင်းလဲပြီးပေးပို့လိုပါက ပထမဦးစွာ Markdown ကို လေ့လာပြီး WIKI တွင် မြင်တွေ့ရသည့်အတိုင်း ဖြစ်စေရန် ပြုပြင်နိုင်မည်ဖြစ်ပါသည်။ အကယ်၍ Software အသုံးပြုပြီး ပြုပြင်လိုပါက Online နှင့် Offline Editor များကို အသုံးပြုနိုင်ပါသည်။ Manual ပြုပြင်ထားသော MD ဖိုင်များကို ကြည့်ရှုရန် အတွက် Markdown View များကိုလည်း ရယူနိုင်ပါသည်။

Markdown Guide

Online Editor

Offline Editor

Offline Viewer

အကယ်၍ MD ပြောင်းလဲပြီးသော်လည်း GITHUB အကောင့်မရှိခြင်း GIT ဖြင့် ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းတို့ကြောင့် အခက်အခဲရှိပါက [email protected] သို့ ပေးပို့နိုင်ပါသည်။

##Git and Github ####Git

Git ကို ၂၀၀၅ ခုနှစ်တွင် Linus Tourvals နှင့် အခြားသော Hacker များမှ တီထွင်ခဲ့ကြပါသည်။ source control management (SCM) အဖြစ် အသစ်ထပ်မံ ထုတ်လုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ ယခင် ရှိသော Concurrent Versions System (CVS) နှင့် version control system (VCS) များထက် ပိုမို အသုံးပြုရ လွယ်ကူစေရန် ရည်ရွယ်ထားပါသည်။ Linux ၏ Kernel ကို Hacker များ ဝိုင်းဝန်းပြုပြင်ရာတွင် အဓိက Tools တစ်ခုအဖြစ် စတင်အသုံးပြုခဲ့ကြပါသည်။

သင်၏ Terminal တွင် man ဖြင့်သော်၎င်း whatis ဖြင့်သော်၎င်း git အကြောင်း မေးမြန်း လေ့လာပါက အောက်ပါအတိုင်းရည်ညွှန်းထားသည်ကို မြင်တွေ့နိုင်ပေမည်။

"git - the stupid content tracker"

GIT အခြေခံကို မြန်မာဘာသာဖြင့် လေ့လာရန် အတွက် Git Guide

####Github Git Software အထောက်အပံ့ ဖြစ်သော Github တွင် သင် အခမဲ့ အသုံးပြုနိုင်ပါသည်။ Private Repo အတွက် အခကြေးငွေ ပေးရသော်လည်း Public Repo အတွက် အခမဲ့ အသုံးပြုနိုင်ပါသည်။ Public Repo သည် လူများ ကြည့်ရှုနိုင်ခြင်း ဝင်ရောက် ကူညီ ပြင်ဆင်နိုင်ခြင်းတို့ကြောင့် ကျွန်တော်တို့၏ Wiki Project အတွပိုမို အဆင်ပြေပါသည်။

####Git မှ Download ရယူရန် Download ဆွဲပြီးရယူနိုင်သလို Git မှ လည်း ရယူနိုင်ပါသည်။

Teminal ကို ဖွင့်ပါ။

Ctrl+Alt+T

git ကို install ပြုလုပ်ပါ။

sudo apt-get install git-core

####စတင်ကူညီရန်အတွက် ပြင်ဆင်ခြင်း

မိမိစက်တွင် Git ကို install လုပ်ပီးသွားပီ၊ Github account လဲ ဖွင့်ပီးသွားပီဆိုပါက Foss Myanmar အောက်ရှိ မိမိကူညီလိုသော repo ကိုသွားပြီး အောက်ပါပုံအတိုင်း Fork အရင်ဦးဆုံးပြုလုပ်ပေးရပါမည်။

How to fork

အကယ်၍ အရင်က ဝင်ရောက်ကူညီဖူးခဲ့သော github organization များရှိပါက အောက်ပါပုံအတိုင်း account ရွေးခိုင်းမည်ဖြစ်ပါသည်။

Select Account

Fork လုပ်ပီးပါက မိမိကိုယ်ပိုင်အကောင့်နှင့် fork လုပ်လိုက်သော repo ကိုရရှိမည်ဖြစ်ပါသည်။ အောက်ပါပုံတွင်ပြထားသည့်အတိုင်း clone လုပ်ရမည့် url ကိုရယူပြီး terminal မှ တစ်ဆင့် မိမိ clone လုပ်ယူလိုသော location အောက်တွင် clone ပြုလုပ်ရပါမည်။

copy url

ပထမဆုံး အကြိမ်ဖြစ်ပါက git clone ပြုလုပ်ရန် နေရာတစ်ခုကို ရွေးချယ်ပါ။ ဥပမာ Desktop ယခင် clone လုပ်ပြီး ဖြစ်ပါက ၎င်း နေရာသို့ သွားပါ။

cd ~/Desktop

အောက်ဖော်ပြပါ command ကို ရိုက်ပြီး git clone လုပ်ပါ။ သင်၏ github အကောင့်နှင့် password တောင်းပါလိမ့်မည်။

git clone github.com/your-copied-clone-url

ထို့နောက် ubuntu-mm-wiki ထဲတွင် section အလိုက် ထည့်သွင်းထားသော File များကို ဖြည့်စွက်နိုင်ပြီ ဖြစ်ပါသည်။

Need ဖိုင်တွင် မိမိ ပြန်လိုသည့် list ကို ရွေးပါ။ ၎င်း မှ Data များကို ကူးယူပြီး မြန်မာဘာသာသို့ ဆီလျှော်အောင် နားလည်လွယ်အောင် ပြန်ဆိုပါ။

####MarkDown ဖြင့်

Header / Title တပ်ရန်လိုပါသည်။

ခေါင်းစဉ်အတွက် H1 မှ H6 အထိ # တစ်ခုမှ ခြောက်ခုထိ အသုံးပြုနိုင်သည်။

#Applications
##VLC Player
#### VLC Installation

#Applications ##VLC Player ####VLC Installation

####Terminal တွင် အသုံးချရမည့် စာသားများကို ခွဲခြားပေးရပါမည်။

Code Block အတွက် စာသားများ ကြားညှပ်ထားပါက ` အဖွင့်အပိတ် ဖြင့် အသုံးပြုနိုင်ပြီး စာပုဒ်လိုက်ဆိုပါက Space ၄ ချက် သို့မဟုတ် Tab တစ်ချက်ဖြင့် သုံးနိုင်သည်။

ဥပမာ

သင့်အနေဖြင့် Administration အဖြစ် အသုံးပြုလိုပါက sudo command ကို အသုံးပြုနိုင်သည်။

sudo apt-get update
sudo apt-get upgrade

အသေးစိတ်ကို ဒီမှာ ကြည့်ပါ။

####File နေရာရွေးချယ်ပုံ

၎င်း၏ သက်ဆိုင်ရာ ကဏ္ဍအောက်တွင် ထည့်ပါ။

Need တွင် တပ်ထားသည့် နံပတ်အတိုင်း သိမ်းဆည်းပါက ရှာဖွေရ သိမ်းဆည်းရ လွယ်ကူပါသည်။

ဥပမာ 1. နှင့် စသည့် ဖိုင်များကို 1 ဆိုသည့် Folder အောက်တွင်ထည့်ပါ။ အကယ်၍ 15. နှင့် စသည့် ဖိုင်များကို 15 Folder အောက်တွင်ထည့်ပါ။

နောက်ပိုင်းတွင် ၎င်း Folder နှင့် File များကို အစီအစဉ်တကျ အသုံးပြု၍ မာတိကာ ပြုလုပ်နိုင်ပါသည်။

Sample Section

# Summary

* [3 File Managers ](3_File_Managers/README.md)
    * [3.1 Nautilus](3_File_Managers/3.1Nautilus.md)
* [4 Desktop Add-ons](4_Desktop_Add-ons/README.md)
    * [4.1 Gnome Eye-Candy Resources](4_Desktop_Add-ons/4.1Gnome_Eye-Candy_Resources.md)
    * [4.2 Ubuntu Wallpaper](4_Desktop_Add-ons/4.2Ubuntu_Wallpaper.md)

####Github ပေါ်သို့ Upload / Update ပြုလုပ်ရန်

git status
git add --all
git commit -a -m "My Blah Blah Session Add"
git push origin master

####Original repo သို့ pull request ပို့ခြင်း

မိမိပြင်ဆင်ပြီးသော ဖိုင်များအား github ပေါ်သို့ push ပြုလုပ်ပီးပါက original repo နှင့် merge ပြုလုပ်ရန်အတွက် pull request ပို့ပေးရန်လိုအပ်ပါသည်။ အောက်ဖော်ပြပါ ပုံအဆင့်ဆင့်အတိုင်းပြုလုပ်နိုင်ပါသည်။

start pull request

start pull request

create new pull request

New pull request

check your changes and create pull request

check and confirm

**Leave message and done **

leave message


ubuntu-mm-wiki's People

Contributors

wailinygn avatar kokoye2007 avatar naingwin01 avatar naingwin avatar sanjay-arya avatar

Watchers

 avatar

Recommend Projects

  • React photo React

    A declarative, efficient, and flexible JavaScript library for building user interfaces.

  • Vue.js photo Vue.js

    🖖 Vue.js is a progressive, incrementally-adoptable JavaScript framework for building UI on the web.

  • Typescript photo Typescript

    TypeScript is a superset of JavaScript that compiles to clean JavaScript output.

  • TensorFlow photo TensorFlow

    An Open Source Machine Learning Framework for Everyone

  • Django photo Django

    The Web framework for perfectionists with deadlines.

  • D3 photo D3

    Bring data to life with SVG, Canvas and HTML. 📊📈🎉

Recommend Topics

  • javascript

    JavaScript (JS) is a lightweight interpreted programming language with first-class functions.

  • web

    Some thing interesting about web. New door for the world.

  • server

    A server is a program made to process requests and deliver data to clients.

  • Machine learning

    Machine learning is a way of modeling and interpreting data that allows a piece of software to respond intelligently.

  • Game

    Some thing interesting about game, make everyone happy.

Recommend Org

  • Facebook photo Facebook

    We are working to build community through open source technology. NB: members must have two-factor auth.

  • Microsoft photo Microsoft

    Open source projects and samples from Microsoft.

  • Google photo Google

    Google ❤️ Open Source for everyone.

  • D3 photo D3

    Data-Driven Documents codes.